How To Survive As A Villain [English To Burmese Translation] - Chapter 4
- Home
- How To Survive As A Villain [English To Burmese Translation]
- Chapter 4 - ကိုယ့်ကိုကိုယ်သတ်သေတာလည်း မထူးဆန်းပါဘူး
ရှောင်ယူအန်ရဲ့ကျန်းမာရေးက တဖြည်းဖြည်းဆိုးဝါးလာခဲ့တယ်။ အဲ့ဒါအပြင် သူဟာ ဈေးကြီးတဲ့ဆေးတွေနဲ့ အသက်လဲမရှင်ချင်တော့ဘူး။ နောက်ဆုံးမှာတော့ သူ့ရဲ့ပိုက်ဆံ တွေကိုအမည်မသိနဲ့ ဆေးရုံကိုလှူဖို့ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ကျန်တဲ့ ပိုက်ဆံတွေကိုတော့ ဘဏ် acc ထဲထည့်လိုက်တယ်။
အဲ့လိုလုပ်ပြီးတဲ့အခါမှာ တော့ ရှောင်ယူအန်က ဆေးရုံကနေတိတ်တဆိတ်ထွက်လာပြီး တော့ ကျေးလက်လေးမှာရှိတဲ့ ဆေးခန်းလေးကို ပြောင်းလာခဲ့တယ်။
ဒါပေမဲ့ သူပြောင်းတဲ့ဆေးခန်းက လူလတ်တန်းစားတောင်နေလို့မရတဲ့ ဆေးခန်း။ အရမ်းတော့လဲ မအံ့ဩပါဘူး။ ဪ ဒီဂုတ်သွေးစုပ်ကောင်တွေရဲ့လုပ်ရပ် ကအရမ်းကိုမှောင်မိုက်တာပါလား။ လူတွေရဲ့သွေးတွေနဲ့ ပေထားတာပါလား။
ဒါမဲ့လည်း ယူအန် က အဲ့ဆေးရုံနဲ့ ရင်းနှီးပြီးသားဆိုတော့ အထူးခန်းကိုအေးအေးဆေးဆေးရခဲ့တယ်။
အခန်းတစ်ခုထဲကထွက်လာတဲ့ သူနာပြုတစ်ယောက်က ရှောင်ယူဟန်ကိုတွေ့တဲ့ အခါမှာအံ့ဩသွားတယ်။
“ဆရာရှောင်??
“သူဒီနေ့အခြေအနေကောင်းလား?” ယူအန် ကမေးလိုက်တယ်။
“ဟုတ်သူဒီနေ့ကောင်းနေတယ်။.”
“တကယ်လား? အဲ့ဒါကောင်းတာပေါ့.”
“သူကို၀င်တွေ့မလား ဆရာရှောင် ?”
“ဟုတ်။ ကျွန်တော်အထဲမှာရှိနေတုန်း ဘယ်သူ့မှ ၀င်မလာခိုင်းပါနဲ့။ ဘာအသံကြားကြား။”
“ဟုတ်ကဲ့.” သူနာပြုကခေါင်းငြိမ့်ပြီး ထွက်သွားလိုက်တယ်။
ရှောင်ယုဟန်က အသက်ပြင်းပြင်းရှူပြီး ဖုန်း ကိုကြည့်လိုက်တယ်။
Company ကိစ္စကလဲ ဖြေရှင်းပြီးပြီ။ သူရဲ့ သေတမ်းစာကလဲ အဆင်ပြေတယ်။
ယူအန် က ဖုန်းကိုပြန်သိမ်းမလို့ပဲရှိသေးတယ် အဲ့အချိန်မှာ novel ဝက်ဆိုက်ကနေစာ၀င်လာတယ်။
ယူအန် ကအဲ့ဒါကိုသူဟိုတစ်နေ့ကရေးလိုက်တဲ့ comment ကို reply ပြန်တာလို့ထင်လိုက်တယ်။ပုံမှန်ဆိုရင်တော့သူ အဲ့စာကို ကြည့်မှာမဟုတ်ဖူး။
ဒါပေမဲ့ သူကဒီနေ့ထူးထူးဆန်းဆန်း ကြည့်ချင်တာနဲ့ ၀င်ကြည့်လိုက်တယ်။
အဲ့တာက reply ပြန်ထားတာမဟုတ်ဖူးဖြစ်နေတယ်။
Hate replyမဟုတ်တဲ့အပြင် ပို့ထားတဲ့လူရဲ့ စာကိုကြည့်မိတဲ့အခါမှာသူကအရမ်းကို အံ့အားသင့်သွားတယ်။
အဲ့ဒီ စာက စာရေးသူက ပို့တဲ့စာဖြစ် နေတယ်….. ပြီးတော့ စာကတော့ တစ်ကြောင်းတည်း…
[မင်းပဲသူ့ကိုနားလည်တယ်.]
‘ငါကသူ့ကို နားလည်တယ်?’
ယူအန် ကခေါင်းရှုပ်သွားတယ်. ‘ဘယ်သူ့ကိုနားလည်တာလဲ? ခေါင်းဆောင်မင်းသားကိုပြောတာလား?’
စာရေးသူပြောတာကို စဉ်းစားပြီးတဲ့အခါမှာ သူက ဖုန်း ကိုသိမ်းလိုက်ပြီးတော့ တံခါးဖွင့်ပြီး အခနိးထဲကို ၀င်လိုက်တယ်။
အခန်းကအရမ်းကျယ်ပြီးတော့ လင်းတယ်။ ပြတင်းပေါက်အကြီးကြီးရှေ့က လိုက်ကာတွေကလဲလေတိုက်လို့လွင့်နေတယ်။ အခန်းအလယ်မှာတော့ ဝှီးချဲလ် ပေါ်မှာ ထိုင်နေတဲ့အသက်ငယ်ငယ်ကောင်လေးတစ်ယောက်က ကြောင်တစ်ကောင်ကို လည်ပင်ူကနေကိုင်ပြီးတော့ ရွှေငါးကန်ထဲထိုးထည့်နေတယ်။
သူက ရေမနစ်အောင်ရုန်းကန်နေတဲ့ကြောင်ကို မျက်နှာဿနဲ့က်ညိ့နေတယ်။ တံခါး ဖွင့်သံကြားတာတောင်သူကလှည့်မကြည့်ခဲ့ဘူး။
“မင်းဘာလုပ်နေတာလဲ?” ယူအန် ကသူ့ကိုမေးလိုက်တယ်။
“သူနာပြုကေပြောတယ်သူကငါးကြိုက်တယ်တဲ့။ ဒါပေမဲ့ငါကရေထဲမှာရှိနေလို့စားလို့မရဘူးဆိုလို့ ကူပေးနေတာ” သူက ပြောတယ်။
“အဲ့လိုလား…” ယူအန် ကတိုးတိုးလေးပြောလိုက်တယ်, “Oh ဒါနဲ့ ငါထွက်သွားတော့မယ်။.”
အဲ့လူက ရုတ်တရပ်တုန်လှုပ်သွားတယ်။ သူက ယူအန် ကိုမော့ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်ကိုင်ထားတဲ့လက်ကို လျှော့မိသွားတယ်။ အဲ့အချိန်မှာပဲကြောင်ကလဲအမြန်ထွက်ပြေးသွားတဲ့ အချိန် ကြမ်းပြင်တစ်ခုလုံးလဲ စိုရွှဲသွားတယ်။
“ဘယ်လောက်ကြာကြာသွားမှာလဲ?” အဲ့လူကမေးလိုက်တယ်။
“ငါပြန်လာမှာမဟုတ်ဘူး ဒီတစ်ခေါက်.” ယူအန်ကဖြေလိုက်တယ်။
အဲ့လူကခေါင်းငြိမ့်ပြီးကို wheelchairကို စားပွဲခုံနားတွန်းသွားလိုက်တယ်။ ပြီးတော့ခွက်တစ်ခုကိုယူပြီး ရှောင်ယုအန်ကို ပြင်းပြင်းထုထည့်လိုက်တယ်။
ယူအန်ရဲ့နဖူးကို ခွက်ကပြင်းပြင်းမှန်ပြီး မြေကြီးပေါ်က်ု ကွဲကျသွားတယ်။
ယူအန် က လန့်သွားပြီး သူ့နဖူးကို စမ်းကြည့်တဲ့အခါမှာ သွေးတွေထွက်လာနေတာကိုတွေ့တယ်။ ပြီးတော့အဲ့သွေးတွကသူ့မျက်နှာပေါ်က်ုချက်ချင်းထွက်ကျလာတယ်။
“သူ့ရဲ့အုတ်ဂူ ရှေ့မှာ မင်းပြောခဲ့တာကို မှတ်မိလား” အဲ့လူကမေးလိုက်တယ်။
“Yes, ငါမှတ်မိတယ်.” ယူအန်ကသူ့ခေါင်းထဲက နာလာတာကို ဖြေလျှော့ဖို့ အတွက်အသက်ပြင်းပြင်းရှူလိုက်တယ်။
“မင်းဘာပြောခဲ့လဲ အဲ့တုန်းက!…” သူကရုပ်တရက်အော်လိုက်တယ်။
“ငါကမင်းကိုသူ့အစား တစ်သက်လုံးစောင့်ရှောက်ပေးမယ်လို့ပြောခဲ့တယ်။I”
“အဲ့ နောက်ကရော?ကျန်သေးတယ်လေ!!!”
“အဲ့လိုမလုပ်ရင် ငါသေလိမ့်မယ် …”
“အဲ့ဒါဆို သေလိုက် တော့”
“ငါ…. ငါ့ပိုက်ဆံတွေကို မင်း ဘဏ်အကောင့်ထဲလွှဲ ပေးထားခဲ့တယ်။ မင်း…..”
“Fuck you! Go to hell!”
“အဲ့ဒါ ကြောင့်မင်းအခုကစပြီးကိုယ့်ကိုကိိုယ် ဂရုစိုက်ရ တော့မယ်။ ဆောရီးပဲကွာ.”
“ပါးစပ်ပိတ်ပြီးသေလိုက်တော့!”
“အိုကေ” အဲ့လိုနဲ့ ယူအန်ဟာ ပြတင်းပေါက်ရှေ့မှာ ရပ်ရင်း ငါးထပ်ကနေခုန်ချလိုက်တယ်။