How To Survive As A Villain [English To Burmese Translation] - Chapter 5
- Home
- How To Survive As A Villain [English To Burmese Translation]
- Chapter 5 - ဒီပြန်၀င်စားတာကတော်တော်စိတ်မကောင်းစရာဘဲ
ရှောင်ယူအန်က သူ့အနားမှာ ပေါ်လာတဲ့ အလင်းရောင်တွေနဲ့ မီးခိုးတွေကြောင့် နဲနဲကြောင်သွားတယ်။ သူကမျက်လုံးဖွင့်ပြီး ခေါင်းကို လှုပ်ကြည့်လိုက်တဲ့အခါမှာ သူ့ကိုသူ အမွှေးနံ့သာပါတဲ့ အိပ်ယာပေါ်ရောက်နေမှန်းသိလိုက်တယ်။ အိပ်ယာပေါ်ကအခင်းက ခန့်ညားထည်ဝါတဲ့ ရွှေရောင်နဂါးပုံစံပန်းထိုးထားတယ်။ အဲ့နဂါးက မီးတွေမှုတ်ထုတ်နေတယ်။ သူ့ရဲ့ ချွန်ထက်တဲ့သွားတွေနဲ့ လက်သည်းပုံထိုးထားတာက တကယ့်အစစ်နဂါးနဲ့တောင်တူတယ်။
ရှော်ယူအန်က သူ့ကိုယ်ကိုထိန်းပြီး အိပ်ယာကထလိုက်တယ်။အဲ့အချိန်မှာ ရှည်လျားပြီး နူးညံ့တဲ့ဆံပင်က သူ့ရဲ့ပခုံးပေါ်ကို ရေတံခွန်လို လျှောကျလာတယ်။
‘ဟင်?’
ယူအန် ဆံပင်မွှေးနည်းနည်းကိုယူပြီးပြင်းပြင်းဆဲဆောင့်လိုက်တယ်။
‘အား နာလိုက်တာ။.’
ရှောင်ယုအန်ရဲ့စိတ်ကအရာအားလုံးကို အမြန်စဉ်းစားကြည့်တယ်။ အဲ့အချိန်မှာသူစိတ်တွေအရမ်းရှုပ်သွားတယ်။
‘ငါပြန်မွေးဖွားလာတာများလား?’
မားစ်ရဲ့အုတ်ဂူရောပွင့်လာတာများလား?
“အရှင်မင်းကြီးနိုးလာပါပြီလား? ဒီအစေခံက ဘုရင်ကြီးကို အကျီလဲဖို့ကူညီပါမယ်။” အဲ့အချိန်မှာညအိပ်ခန်းတံခါးကပွင့်လာပြီးအရမ်းလှပတဲ့မိန်းကလေးတစ်ယောက်၀င်လာတယ်။ သူ့လက်ထဲမှာတော့ဘုရင်မျက်နှာသစ်ဖို့အတွက် ရေထည့်ထားတဲ့ ဇလုံတစ်လုံးကိုကိုင်ထားတယ်။ သူမက စိမ်းပြာရောင်၀တ်ရုံကို ၀တ်ထားပြီးတော့ ဆံထုံးထုံးထားတယ်။ အဲ့ဆံထုံးကိုတော့ ရှေးကျတဲ့ ကြေးနဲ့လုပ်ထားတဲ့ဆံညှပ် လေးထိုးထားတယ်။
‘ဘုရင်ကြီး?’
ယူအန်ကနဲနဲ တော့၀မ်းနည်းသွားတယ်။ ပြန်မွေးဖွားတာကမှမလွယ်ပါဘူးဆိုနေမှ တကယ့် အရေးကြီးတဲ့နေရာကိုလာရောက်နေတယ်။ အဲ့လိုဆို ဘယ်လိုလုပ် ဒီလောကရဲ့ အကျိုးတွေ ကို ကောင်းကောင်းခံစားလို့ရတော့မှာလဲ။
မားစ်က သူ့အုပ်ဂူမှာငိုနေရတောင် နယူတန်ကသက်ေတာင့်သက်သာနားလို့ရတာပေါ့။
“ဒီမှာမကောင်းဆိုး၀ါး တွေတို့ မသေနိုင်တဲ့သူတွေတို့ရှိလား” ရှောင်ယူအန်ကမေးလိုက်တယ်။
သူ့မေးခွန်းကြားတဲ့အခါမှာ မိန်းကလေးကကြောင်သွားတယ်။ “ဘုရင်ကြီးဒီနေ့ဘုရား ကျောင်းသွားမလို့လား”
‘Oh ဒါဆို စိတ်ကူးယဉ်ကမ္ဘာတော့မဟုတ်ဖူးပဲ’
ယူအန်ကနဲနဲတော့ စိတ်ပျက်သွားတယ်။
“ဘုရင်ကြီး၊ အရင်အင်ပါယာရှင်က အနောက်သုခဘုံ(၂)ကိုရောက်တာ တော်တော်ကြာပြီဆိုတော့ စိတ်မညစ်ပါနဲ့တော့။ ဘုရင်ကြီးက ကျန်းမာရေးကိုပဲကောင်းကောင်းဂရုစိုက်ပါ။” ယူအန်ရဲ့လှုပ်ရှားမှုတွေကိုကြည့်နေတဲ့ အစေခံကသူ့ကိုချိုသာတဲ့အသံနဲ့နှစ်သိမ့်လိုက်တယ်။
‘Oh? ဒါဆို သူ့ ဝိညာဉ်ကခုမှထီးနန်းဆက်ခံလိုက်တဲ့ အင်ပါယာရှင်အသစ်ရဲ့ခန္ဓာကိုယ်ထဲ ရောက်နေတာလား?’
“မှန်ရှိလား?” ရှောင်ယုအန်က အစေခံကိုမေးလိုက်တယ်။
အစေခံက ချက်ချင်းပဲ ကြေးမုံမှန်ကိုသွားယူလိုက်တယ်။ပြီး တော့သူ့ရှေ့ကိုဒူးထောက်၊ ဦးညွှတ်ပြီး မှန်ကို ပေးလိုက်တယ်။
ယူအန်ကမှန်ကိုယူပြီးတော့သူ့မျက်နှာကိုသေချာကြည့်ခဲ့တယ်။
အား သူကတကယ် ကြည့်ကောင်းတာပြီးချောတာပဲ။ သူ့မျက်ခုံးမွှေးကလဲကောင်းတယ်၊ ပြီးတော့ အသားအရေကလဲဖြူပြီး ချောနေတာပဲ။ နှုတ်ခမ်းလေးကလဲနီရဲနေပြီး မျက်လုံးလေးတွေကလဲတောက်ပနေတယ်။ ဒီမျက်နှာကချောပြီး လှပတဲ့ဆယ်ကျော်သက်တစ်ယောက်ရဲ့မျက်နှာပါလား။
ရှောင်ယူအန်က သကိပြင်းချပြီး သူ့စိတ်ထဲမှာပုံဖော်ကြည့်လိုက်တယ်။
‘ငယ်ရွယ်တဲ့ အင်ပါယာရှင်တစ်ယောက်၊’
‘ဒီလိုဘုရင်မျိုးက တော့ စစ်တပ်အာဏာ ကသူ့လက်ထဲမှာရှိမှာမဟုတ်ဖူး။ သူ့အမေဒါမှမဟုတ်သူ့ဦးလေးရဲ့ ရုပ်သေးရုပ်ပဲနေမှာ။ ဒါမှမဟုတ် သူက ထီးနန်းကို ဘယ်လိုအုပ်စိုးရမလဲ မသိပဲနဲ့ စည်းစိမ်းမှာ ယစ်မူးနေတဲ့သူပဲဖြစ်ရမယ်။’
‘ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းကဒီလမ်းကတော့လျှောက်ဖို့မလွယ်ပါလား’
‘ဒါ ပေမဲ့ ပြန်လည်မွေးဖွားတယ် ဆိုတာကလဲထူးဆန်းတဲ့အခွင့်အရေးပဲ၊ လူထောင်ပေါင်းများစွာထဲကမှ တစ်ယောက်ထဲရတဲ့အခွင့်အရေးပဲ။ တကယ်လို့ငါက အဓိကဇာတ်ေဆာင်မဟုတ်ရင် တောင်မှ တစ်မျက်နှာထဲမှာပဲပါလာတဲ့ တပ်သားတော့မဖြစ်စေရဘူး!’
ယူအန်ကရုပ်တရက် စိတ်အားထက်သန်လာတယ်။
“မင်းနာမည်ဘယ်လိုခေါ်လဲ?” ယူအန်ကအစေခံကိုမေးလိုက်တယ်။
အစေခံက ခဏတော့ ဇဝေဇဝါဖြစ်သွားတယ်။ ဒါပေမဲ့ ခဏကြာတော့ရိုရိုသေသေနဲ့ပြန်ဖြေလိုက်တယ်။ “ဒီအစေခံနာမည်က ဟုန်ရွီဖြစ်တယ်။”
“ဟုန်……”
‘Huh?’
‘နေပါဦး။ ဒီနာမည်က ဘာလို့ ရင်းနှီးနေတာပါလိမ့်?’
‘အင်ပါယာရှင်အငယ်? အရင်အင်ပါယာရှင်ကသေသွားတယ်?’
ယူအန် ကအစကတော့တုန့်ဆိုင်း နေပေမဲ့နောက်ဆုံးတော့မေးလိုက်တယ်။ “မင်းသမီး ယုံနင်းကဒီရက်ပိုင်း ဘာတွေနဲ့အလုပ်ရှုပ်နေတာလဲ?”
ဟုန်ရွီက ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီးတော့ ခေါင်းငုံ့ပြီး ဖြေလိုက်တယ်။ “မင်းသမီး ကဒီရက်ပိုင်း စောင်းတီးနည်းသင်နေတယ်လို့ကြားပါတယ်။”
အစေခံပြောတာကိုနားထောင်ပြီးတဲ့အခါမှာ ခုဏကဒီအ ခြေအနေကို ကျေနပ်နေတဲ့ ရှောင်ယူအန်က ကုတင်ပေါ်ကိုပြန်လဲကျသွားတယ်။ လူသေအတိုင်းလှုပ်တောင်မလှုပ်တော့ဘူး။
“ဘုရင်ကြီး! ဘာဖြစ်သွားတာလဲ ဘုရင်ကြီး? နေလို့မကောင်းလို့လား? ဘုရင်ကြီး?” ဟုန်ရွီက သူ့ရဲ့ အခြေအနေကိုကြည့်ပြီး လန့်ပြီး မေးလိုက်တယ်။
“ဘ၀က ငါ့ကို လည်ပင်းညစ်ပြီးတော့ ပါးကိုဖြတ်ရိုက်လိုက်တာပါလား။”
“ဟင်?”
“တကယ့် စစ်သား တွေပဲရက်စက်တဲ့ ဘ၀ကို ရင်ဆိုင်နိုင်တာကိုငါသိပါတယ်။.”
“အရှင်…အရှင်မင်းကြီး?”
“ခု တော့ငါ့ကံကြမ္မာကသတ်မှတ်ထားပြီးသားပါလား။ ဒီကမ္ဘာမှာ လူတွေကမကြင်နာတတ်ကြဘူး။ ၂၁ ရာစုလိုမဟုတ်ဖူး။ ဒီမှာလူတွေဂရုစိုက်တာက ဂုဏ်ရယ် ဒြပ် တွေပဲ။ နွေးထွေးမှာဆိုတာကလဲ စောင်မှာပဲရှိတော့တယ်။”
“ဘုရင်ကြီး! ဘာဖြစ်လို့ပါလဲ? အာပါယာသမားတော်ကိုအခုချက်ချင်း ခေါ်လိုက်ပါမယ်!” ဟုန်ရွီက ကြောက်လန်ပြီးတော့သမားတော်မြန်မြန် ယပြေးပြီးခေါ်မယ့် အချိန်မှာ ရှောင်ယုအန်ကတားလိုက်တယ်။
“အား လုံးကောင်းပါတယ်။ ဒီအတိုင်း လက် တွေ့ဘ၀ကနေထွက်ပြေးကြည့်တာပါ။”ရှောင်ယုအန်ကလက်ခါပြီးတားလိုက်တယ်။
နောက်ဆုံးတော့ ရှောင်ယုအန်က သဘောပေါက်သွားတယ်။သူကပြန် မွေးဖွားလာတာမဟုတ်ဖူး။
သူကစာအုပ်ထဲရောက်လာတာပဲ!
သူမသေခင်မှာ ဖတ်ခဲ့တဲ့ “လေးပြည်ထောင်သမိုင်း” ဆိုတဲ့စာအုပ်ထဲသူရောက်လာတာပဲဖြစ်တယ်။
တကယ့်စာအုပ်ထဲမှာ ဟုန်ရွီက မြောက်ပြည်ထောင်က အင်ပါယာရှင်ရဲ့ အစေခံဖြစ်တယ်။ အဲ့တော့ သူက အဓိကဇာတ်ဆောင်ရဲ့ နှိပ်စက်တာကိုခံရတဲ့ အင်ပါယာရှင် အငယ်ပေါ့!
ရှောင်ယူအန်က ဟုန်ရွီကြောက်လန့်နေတဲ့အချိန်မှာ အိပ်ယာကိုတစ်ခြားဘက်လှည့်ပြီး စိတ်ညစ်တဲ့မျက်နှာနဲ့ နံရံဘက်လှည့်နေတယ်။
‘ဒီလိုဆိုရင်တော့ စစ်သားနေရာကမှကောင်းပါဦးမယ်။ ဥက္ကဌတစ်ယာက်အနေနဲ့ ငယ်ရွယ်မှုကိုဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ ငါ့ရဲ့ အချစ်ဦးတောင်မတွေ့ရသေးဘူး သေစေနိုင်တဲ့ရောဂါရတယ်။ အဲ့တာနဲ့တင်ကိုများနေပြီကို ဘာတဲ့ အခုကျ စာအုပ်ထဲက ဇာတ်ရံနေရာကိုရောက်သွားတယ်တဲ့လား? Ahh, ငါ့ဘ၀ကတော်တော်သနားစရာကောင်းပြီးဆိုးဝါးတာပါလား’
သူခဏစဉ်းစားပြီးတဲ့အခါမှာ ရှောင်ယုအန် ကအိပ်ယာကနေထပြီး ဂဏာမငြိမ်ဖြစ်နေတဲ့ ဟုန်ရှူကိုမေးလ်ိုက်တယ်: “ယန်ဟယ်ဂျင်းကဘယ်မှာလဲ?”
“ဘုရင်ကြီး ကျွန်မ ဘုရင်ကြီးဘာတွေပြောနေတာလဲဆိုတာ နားမလည်တော့ပါဘူး။” ဟုန်ရွီက ဘာပြောရမယ်မှန်းမသိတာနဲ့ ဒူးထောက်ပြီး ပြောလိုက်တယ်။
ရှောင်ယူအန်က သူ့ကို ဒူးထောက်နေရာကနေထခိုင်းလိုက်ပြီးေပြာလိုက်တယ် : “ဒီဟာကအဓိကဇာတ်ရံ၊ ခဏ မဟုတ်သေးပါဘူး၊ ဖမ်းခံထားရတဲ့ ယန်နိုင်ငံကမင်းသားရော? နားမလည်သေးဘူးလား? ငါပြောနေတာက ငါ့အဖေ၊အရင် မြောက်ပြည်ထောင်အင်ပါယာရှင်ဖမ်းထားတဲ့ မင်းသားအကြောင်းပြောနေတာ။”
ဟုန်ရွီကခုထိ သူပြောတာတွေကိုသဘောမပေါက်သေးဘူး။
ရှောင်ယုအန်က ခဏစဉ်းစားပြီးတော့ပြောလိုက်တယ်။” အဲ့မင်းသားကို ငါ ယောက်ျားလေးကို အငယ်အနှောင်းအနေနဲ့ထားချင်တယ်။”
ဟုန်ရွီကရုတ်တရက်သဘောပေါက်သွားတယ်: “Oh ကျွန်မသိပါပြီ!”
ရှောင်ယူအန် “…”
‘အဲ့ တော့ ငါကနင်နားလည်ဖို့အတွက်ပြောလိုက်ရတာပေါ့?!’
‘ငါဘာလို့တဖြည်းဖြည်းနဲ့ သေတော့မယ်လို့ခံစားနေရတာပါလိမ့်?!’